Monday, September 3, 2012

ရန်လင်းအောင်မြေသန့်ကမ္မ၀ါ၊ မြေသန့်ကဗျာ

မြေသန့် ကမ္မ၀ါ ...... မြေသန့် ကဗျာ ။

ငါတို့ ……………
ဒီမြေကို ….. မလန့်လို့
ဒီမြေကို ….. သန့်ဖို့
ဒီမြေပေါ်အရောက်လာခဲ့ကြပေါ့  ။

ညီအစ်ကိုမသိတသိနေ့တွေ
ထူထပ်ပေါက်ရောက်ရာ
ဒီမြေ …….
ည ညဆို ခွေးအူသံတွေ ပွက်လောရိုက်နေတဲ့
ဒီမြေ .......
နေ့ခင်းကြောင်တောင်ကြီးထဲ
ယာဉ်တွေဟာ စမ်းတ၀ါးဝါးနဲ့
ယင်ကောင်တွေလို ခြင်တွေလို
တ၀ီဝီ တစီစီအော်မြည်နေတဲ့
ဒီမြေ ........
အမှောင့်ပယောဂတွေနဲ့
အနှောင့်အသွားမလွတ်တဲ့
ဒီမြေ ………………………

ဒီမြေဟာ ……
လူ့အသက်ကိုတောင်းတယ်
ဒီမြေဟာ ……
ကြောက်သွေးကိုတောင်းတယ်
ဒီမြေဟာ ……
ရဲသွေးကိုတော့ မဲမပေးလိုတဲ့မြေ ……
ချောက်ချားဖွယ်အတိ ……….
သေလူတွေဟာ ရှင်ယောင်ဆောင်ထားပြီး
ရှင်သူတွေဟာ  အသေကောင်ယောင်ဆောင်ပေးထားရတဲ့
ဒီမြေ ၊
ဒီမြေအောက်မှာမှ
ရွှေအိုးတွေ၊ ငွေအိုးတွေ  အများအပြား .....
ကျောက်သံပတ္တမြားတွေ အများအပြား …… 
သိုက် ဆိုလား ဘာ ဆိုလား ….
သိုက်တူးသမားတွေ  အရမ်းကာရော မျက်စိကျ
အင်းတိုက်၊ နတ်တိုက်
စုန်းတိုက်၊ မြွေတိုက်တွေနဲ့
မိုက်ရူးရဲဆန်လိုက်ကြပုံများ ....
တို့ အတွက်တာ ....
တွင်းထွက်ကတော့ သက်ပြင်းငွေ့တို့သာ
တလူလူဆန်တက်ခဲ့ရပေါ့ ။

ဒီလိုနဲ့ပဲ ...................
အားကောင်းမောင်းသန်
မြစ်ကြီး  မြစ်ငယ်အသွယ်သွယ်
ရေတိမ်နစ်ခဲ့ရပါသော          ဒီမြေ .........
သစ်တောစိမ်းစိမ်းတွေ
အစိမ်းသေ သေခဲ့ရပါသော    ဒီမြေ .........
လမ်းအားလုံး
သွင်သွင်ကျိုးခဲ့ရပါသော       ဒီမြေ ...........
နေရောင်ခြည်အားလုံး
ရှော့ဖြစ်ခဲ့ရပါသော              ဒီမြေ ............
ကြယ်ရောင်လရောင်တွေ
ကြောင်တောင်ကန်းခဲ့ရပါသော
ဒီမြေ .......................
သွေးစုပ်ဖုတ်ကောင်တွေရဲ့
စစ်တလင်းထဲ
အလင်းဆာသူများ
တောချောက်တိုင်း တောမှောက်ခဲ့ရအကြိမ်ကြိမ်
ဒင်းတို့ ....... မသဒ္ဓါရေစာ
သရေကျစရာပေါများလှတဲ့
ဒီမြေ ………..........

မြေမသန့်လို့ ....ရေသန့်ရှာခဲ့ပါရဲ့
ရေမသန့်လို့ .....လေသန့်ရှာခဲ့ပါရဲ့
ရှာဖွေလေ  အိပ်မက်ယာမက်
နာတာရှည် ချုချာခဲ့ရပေါ့ ။

အတိတ်တစ္ဆေတွေ အရိပ်လိုခြောက်လန့်ပြီး
ပစ္စုပ္ပန်များ ဘီးလူးစီး ခံထားရ ၊
အနာဂတ်၏ပန်းခြင်းများ
တို့လက်ရောက်မှ  အပမှီခံလို့ ဖြစ်ပါ့မလား .......၊

ရေကန်လည်း အဆင်မသင့်
ကြာပန်းလည်း မပွင့်နိုင်သေးတဲ့ ဒီမြေမှာ
တို့ ရေကန်  တို့တူး
တို့ ကြာတွေ  တို့အထာ နဲ့ တို့
လာ .... ကိုယ်တိုင်ကိုယ်ကျ .... ဖူးပွင့်ကြရအောင်
တို့  သွေးစက်ဖြင့်
တို့  မျိုးဆက်အား
ဆေးကြောရဲရင့် တွင်ကျန်ရစ်စေအံ့ ၊

ဒီမြေကို   မလန့်လို့
ဒီမြေကို   သန့်ဖို့
ငါတို့ ............
ဒီမြေပေါ် အရောက်လာခဲ့ကြပေါ့ .............။       
                                              ရန်လင်းအောင်
                               (1.8.2012)  am; 12:43

ရန်လင်းအောင် ၊ တောင်ငူခေတ်














တောင်ငူခေတ်

လက်မထိပ်
ရဲစိတ်ကို အပ်သွားတဆုံး
ယုံကြည်အားစိုက်
ရိုက်သွင်းချလိုက်တယ် ၊

ရာဇ၀င်ငှက်များ ……
လန့်ပျံသွားကြ ၊

အပြုံးမပျက်
တစ်ချက်မတွန့်တဲ့ လက်ဟာ
ရတုနယ်ကိုပါ သိမ်းခဲ့တယ် ။            

    ရန်လင်းအောင်
      (30.8.2012)

ကျော်ဇေယျ ။ ကိုးခြောက်ကိုး(၉၆၉) ရဲ့အဓိပ္ပါယ်


ကိုး      = ဘုရားဂုဏ်တော် (၉)ပါး
ခြောက်  =တရားဂုဏ်တော် (၆)ပါး
ကိုး         =သံဃာ့ဂုဏ်တော် (၉)ပါး
        တို့အား ပူဇော်သောအားဖြင့် ရည်ရွယ်ပါသည် ။

နူတ်ခွန်းဆက် မင်္ဂလာစကား